ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ ပညာရေးဝန်ကြီးဌာနရှိ Colombo Plan Staff College (CPSC) ၏ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ (၁၀၇)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇွန်လ(၁၀)ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သော မြန်မာသံအမတ်ကြီး၊ ဦးဝင်းနိုင် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် CPSC အဖွဲ့ဝင်နိုင်ငံများအကြား၊ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ နှင့် အဖွဲ့အစည်းများအကြား ပညာရေး၊ နည်းပညာ၊ သက်မွေးပညာ၊ လေ့ကျင့်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြပါ သည်။
မြန်မာသံအမတ်ကြီးသည် CPSC Standing Committee ဒုတိယဥက္ကဌအဖြစ် နောင်လာမည့်သက်တမ်း (၁)နှစ် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ သို့ပါ၍ အထက်ပါ ဖွံ့ဖြိုးတိုးတက်ရေးများ၌ မြန်မာနိုင်ငံအတွက် ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
Manila (GMT + 08:00) | |
8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila | |
00 63 (2) 893 1944 | |
00 63 (2) 892 8866 | |
[email protected] | |
www.memanila.org |