၁။ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက် နံနက်ပိုင်းတွင် မနီလာမြို့ရှိ World Trade Centre ၌ ပြုလုပ်သော Manila Food and Beverage Expo ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၂။ ယင်းအခမ်းအနားသို့ တက်ရောက်လာသော ဖိလစ်ပိုင်အထက် လွှတ်တော်အမတ် Senator Mrs. Villar နှင့်ဆုံတွေ့ခဲ့ရာ မြန်မာသံအမတ်ကြီး က ယနေ့သည် ဖိလစ်ပိုင်(၁၂၁) နှစ်မြောက်လွတ်လပ်ရေးနေ့ကျရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပါသည်။ အထက်လွှတ်တော်အမတ်ကလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် အထက်လွှတ်တော်အမတ်၊ စင်ကာပူ သံအမတ်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပါသည်။
Manila (GMT + 08:00) | |
8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila | |
00 63 (2) 893 1944 | |
00 63 (2) 892 8866 | |
[email protected] | |
www.memanila.org |