၁။ (၂၅-၆-၂၀၁၉) ရက်မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Foreign Service Institute ကCombatting Terrorism: Impeding the Power of the Coin စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီးလည်း တက်ရောက်ခဲ့ပါသည်။
၂။ စကားဝိုင်းဆွေးနွေးပွဲတွင် အဓိကအားဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အစွန်း ရောက်အကြမ်းဖက်တိုက်ခိုက်မှုများ အတွေ့အကြုံနှင့်သင်ခန်းစာများ၊ ရှေ့လမ်း ခရီးများကို ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံမှ တာဝန်ရှိသူများက နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအမြင်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
၃။ မြန်မာသံအမတ်ကြီးက မိမိတို့နိုင်ငံ အနောက်ဘက်ခြမ်း၌လှုပ်ရှားနေသော Arakan Rohingya Salvation Army(ARSA) အကြမ်းဖက်အဖွဲ့အစည်း၏ ဒေသ တွင်းနှင့် နိုင်ငံတကာလှုပ်ရှားမှုများကို စောင့်ကြည့်ကြပ်မတ်ပေးရန် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများသို့ အကြောင်းကြား မေတ္တာရပ်ခံထားကြောင်းဖြင့် စကားဝိုင်းဆွေးနွေးပွဲသို့ သတင်းစကားပါးခဲ့ပါသည်။
Manila (GMT + 08:00) | |
8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila | |
00 63 (2) 893 1944 | |
00 63 (2) 892 8866 | |
[email protected] | |
www.memanila.org |