3rd JCBC Meeting held in Nay Pyi Taw & Official Visit of Foreign Secretary of Philippines to Myanmar

ဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီး H.E. Theodoro L. Loscin, Jr. ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် တတိယအကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းဝေးကျင်းပခဲ့ခြင်း

၁။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန H.E. Theodoro L. Loscin, Jr. ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ (၂၀-၂၂) ရက်များ တွင် မြန်မာနိုင်ငံသို့ တရားဝင်ခရီးလာရောက်ခဲ့ပြီး၊ တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို ပြုလုပ် ခဲ့ပါသည်။

၂။ ပူးတွဲကော်မရှင် ဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ အကြားဆက်ဆံရေးနှင့် နယ်ပယ်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား (၂၂-၅-၂၀၁၉) ရက်တွင် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

၃။ အဆိုပါခရီးစဉ်နှင့် ပူးတွဲကော်မရှင်အစည်းအဝေး နောက်ပိုင်းဆက်လက် ဆောင်ရွက်ချက် follow-up အဖြစ် မြန်မာသံအမတ်ကြီးသည် (၁၃-၆-၂၀၁၉) ရက်၌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး Mr. Meynardo LB. Montealegre အား သွားရောက်တွေ့ဆုံခြင်း၊ (၁၈-၆-၂၀၁၉) ရက်တွင် အာဆီယံသံအမတ်ကြီးများ၏ နေ့လည်စာစားပွဲ၌ ယင်းခရီးစဉ်နှင့် အစည်း အဝေးတို့နှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

၄။ မနီလာမြို့ အာဆီယံသံမတ်ကြီးများအဖွဲ့တွင် ဘရူးနိုင်းသံအမတ်ကြီးက ဥက္ကဌ နှင့် မြန်မာသံအမတ်ကြီးက ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိကြပါသည်။

ambassadorworkinglunch

Current Time



Yangon Time


Manila Time
 

Embassy of the Republic of the Union of Myanmar, Manila

Manila (GMT + 08:00)
address 8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila
phone 00 63 (2) 893 1944
fax 00 63 (2) 892 8866
email [email protected]
website www.memanila.org