Attending Pre- State of the Nation Address: Economic & Infrastructure Forum

နိုင်ငံတော်အခြေပြမိန့်ခွန်း အကြိုပြုလုပ်သော ဖိုရမ်သို့ တက်ရောက်ခဲ့ခြင်း

၁။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်တွင် နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်နှစ်ရပ်ရှေ့မှာက်၌ ပြောကြားရန်ရှိပါသည်။ ယင်းအတွက် 2019 Pre-SONA (State of the Nation Address) Economic and Infrastructure Forum ကို (၁-၇-၂၀၁၉)ရက်တွင် မနီလာမြို့ Philippine International Convention Centre ၌ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသူများ၊ သံတမန် များတက်ရောက်ခဲ့ကြပြီး မြန်မာသံအမတ်ကြီးလည်း တက်ရောက်ခဲ့ပါသည်။

၂။ သမ္မတဒူတာတေး၏ သက်တမ်းဝက်ကာလအတွင်း ရရှိလာသော အောင်မြင် မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရန်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံ အဆောက်အဦကဏ္ဍတို့မှ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆိုင်ရာ အာဏာပိုင်များက ပြည်သူသို့ရည်ရွယ်၍ ပွင့်လင်းမြင်သာစွာ ရှင်းလင်း ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ သမ္မတဒူတာတေးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံဖွံဖြိုး တိုးတက်စေရန် ထူးခြားသောအောင်မြင်မှုများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်းဖြင့် ဖိုရမ်၌အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။

Current Time



Yangon Time


Manila Time
 

Embassy of the Republic of the Union of Myanmar, Manila

Manila (GMT + 08:00)
address 8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila
phone 00 63 (2) 893 1944
fax 00 63 (2) 892 8866
email [email protected]
website www.memanila.org