ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဝန်ကြီးကတည်ခင်းသော နေ့လည်စာစားပွဲသို့တက်ရောက်ခဲ့ခြင်း
၁။ ဖိလစ်ပိုင်နိုင်ငံသည် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (United Nations World Tourism Organization) အဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ (၂)နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော ယင်းအဖွဲ့၏(၂၄)ကြိမ်မြောက်အထွေထွေညီလာခံ (၂၀၂၁ခုနှစ်)အား ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆိုပြုထားပါသည်။
၂။ ယင်းသို့ လက်ခံကျင်းပရေးအဆိုပြုချက်အောင်မြင်စေရန် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဝန်ကြီး Ms. Bernadette Romulo-Puyatက နိုင်ငံခြားသံအမတ်ကြီးများအား Intramuros ရုံးအဆောက်အဉီးတွင် (၇-၈-၂၀၁၉)ရက်၌ နေ့လည်စာတည်ခင်းစည်းရုံးပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးနှင့် အခြားအာဆီယံသံအမတ်ကြီးတို့အား အာဆီယံနိုင်ငံများ၏ထောက်ခံမှုကိုများစွာမျှော်လင့်ကြောင်ဖြင့် ဝန်ကြီးကပြောကြားခဲ့ပါသည်။
Manila (GMT + 08:00) | |
8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila | |
00 63 (2) 893 1944 | |
00 63 (2) 892 8866 | |
[email protected] | |
www.memanila.org |