Attended Seafarer Family International Congress

ဖိလစ်ပိုင်ပို့ဆောင်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

၁။ ဖိလစ်ပိုင်ပင်လယ်ရေကြောင်းသင်္ဘောသားတို့၏ မိသားစုလူမှုဖူလုံရေး များ ကူညီစောင့်ရှောက်ပေးနေသော Gig and the Amazing Sampaguita Foundation Inc. က Seafarer Family International Congress 2019ကို (၁၄-၈-၂၀၁၉)ရက်တွင် Manila Hotel၌ ကျင်းပခဲ့ပါသည်။ မြန်မာသံအမတ်ကြီးလည်းတက်ရောက်ပါသည်။

၂။ ဖိလစ်ပိုင်ပို့ဆောင်ရေးဝန်ကြီး Mr. Arthur P. Tugadeလည်းတက်ရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးကနှစ်နိုင်ငံလေကြောင်းဆက်သွယ်ရေးကိစ္စကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏မေလမြန်မာနိုင်ငံခရီးစဉ်တွင်ဆွေးနွေးခဲ့ကြောင်း ပြောကြားပါသည်။ ဖိလစ်ပိုင်ပို့ဆောင်ရေးဝန်ကြီးက ၎င်းအနေဖြင့်ထောက်ခံကြိုဆိုပါကြောင်း၊ မြန်မာသံအမတ်ကြီးအနေဖြင့်လည်းလာရောက်တွေ့ဆုံနိုင်ပါကြောင်းဖြင့် ခင်မင်ရင်းနှီးစွာပြောကြားခဲ့ပါသည်။

TRANSPORT

Current Time



Yangon Time


Manila Time
 

Embassy of the Republic of the Union of Myanmar, Manila

Manila (GMT + 08:00)
address 8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila
phone 00 63 (2) 893 1944
fax 00 63 (2) 892 8866
email [email protected]
website www.memanila.org