ဖိလစ်ပိုင်လူမှုစီးပွားရေးတိုးတက်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း
၁။ ဖိလစ်ပိုင်စာရင်းအင်းကော်မတီသည် အာဆီယံအသင်းထူထောင်သောအထိမ်းအမှတ်နှင့်ဆက်စပ်လျက် Philippine Statistics Forumကိုကျင်းပလာခဲ့ရာ၊ (၄)ကြိမ်မြောက် Forumကို Crowne Plaza Hotel တွင် (၁၅-၈-၂၀၁၉)ရက်၌ကျင်းပခဲ့ပါသည်။ မြန်မာသံအမတ်ကြီးလည်း တက်ရောက်ပါသည်။
၂။ ဖိလစ်ပိုင်လူမှုစီးပွားတိုးတက်ရေးဝန်ကြီး Mr. Ernesto Perniaနှင့် ဒုတိယ ဝန်ကြီး Prof. Dennis Magaတို့တက်ရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံ ခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက ဌာနဆိုင်ရာစာရင်းအင်းပညာသင်များ ယခင် ၂၀၁၆ခုနှစ်ကဲ့သို့ ပညာသင်ဆုရရှိနိုင်ရေးအလားအလာ၊ ဒုတိယဝန်ကြီး တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ပြုလုပ်သောအစီအစဉ်များအကြောင်း ဆွေးနွေးဖလှယ်ခဲ့ပါသည်။
Manila (GMT + 08:00) | |
8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila | |
00 63 (2) 893 1944 | |
00 63 (2) 892 8866 | |
[email protected] | |
www.memanila.org |